တစ်ချို့တွေက window ကို Password တွေပေးထားတပ်ပါတယ် တော်တော်များများပါပဲ ဒါပေမယ့် Password ပြောင်းတာတို့ မဖွင့်တာကြာတာတို့ နှင့် အမျှ Password ကိုမေ့သွားတက်ကြပါတယ် Password မေ့သွားလို့ Window ပြန်တင်ရတော့မှာလား အဲ့အဆင့်အထိမရောက်သေးပါဘူး ပြန်ယူလို့ရပါသေးတယ် အရင်ဆုံး ဒီ Software လေးကို Download လုပ်လိုက်နော် ပီးဒါနဲ့ .Zip ဖိုင်လေးတဲ့ တင်ထားပေးပါတယ် ဖြေချလိုက်ပါ ISO ဖိုင်လေးနဲ့ကျလာပါလိမ့်မယ် အဲ့ဖိုင်လေးကို ကို Burning Software (ဥပမာ လူသုံးများတဲ့ Nero Burning )တစ်ခုခုနဲ့ ခွေတစ်ချပ်ဘန်းလိုက်ပါ အဲ့ဒါတွေက တခြား ကွန်ပျူတာမှာလုပ်ရမှာဖြစ်ပါတယ် ပီးတာနဲ့ အဲ့ခွေလေးကို Password မေ့သွားတဲ့ မိမိကွန်ပျူတာမှာ ထည့်လိုက်ပါ ပီးတော့
Window မတက်မီ OS လေးထဲကိုဝင်လိုက်ပါ များသောအားဖြင့်ကတော့ Delete Key ကိုနှိပ်လိုက် တာနဲ့ ၀င်သွားတာများပါတယ် ကွန်ပျူတာအစားစားအလိုက် သူခလုပ်နဲ့သူရှိပါတယ် ပီးတော့ CD Room လေးနဲ့ Boot တက်လိုက်ပါ အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်
boot: _ ပေါ်လာပါက Enter ကို ခေါက်လိုက်ပါ။အစက်ကလေး ငါးစက်ပြည့်အောင်ပြေမှာဖြစ်ပါတယ် မပြည့်ခင်မှာ Enter ခေါက်ရမှာဖြစ်ပါတယ်
Wait for Offline NT Password & Registry Editor to Load
Enter သာခေါက်လိုက်ပါ။
မိမိ Edit လုပ်လိုတဲ့ Username ကို ရွေးပေးရပါမယ်။ ပြီရင် Enter ခေါက်ပါ။ (ကျွန်တော်ကတော့ Maw အမည်နဲ့ Account ပြုလုပ်ထားတဲ့အတွက် Maw လို့ရေးပြီး Enter ခေါက်လိုက်ပါတယ်။)
Password ကို ဖျက်ချင်တယ်ဆိုရင်တော့ 1 လို့ ရိုက်ပြီး Enter ခေါက်ပါ။
Password အသစ်ပြန်ပေးမယ်ဆိုရင် 2 လို့ ရိုက်ပြီး Enter ခေါက်ပါ။
ဒီနေရာမှာ ကျွန်တော်ကတော့ Password ကို ဖျက်မှာဖြစ်တဲ့အတွက် 1 လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။
Password Cleared ဖြစ်သွားပြီ ဖြစ်တဲ့အတွက် Enter ခေါက်လိုက်ပါ။
Offline NT Password & Registry Editor ကနေ ထွက်ရန်အတွက် q လို့ ရိုက်ပြီး Enter ခေါက်ပါ။
ပီးဆီးသွားပါက ကိုယ့်ဘာသာကိုယ် အကောင့် ကို password ပြန်လုပ်ထားလို့ရပါတယ် အဆင်ပြေကြပါစေဗျာ