လေလွင့်သူလေးရဲ့ အကြောင်းလေးပါ
လေလွင့်သူလေးရဲ့ ကွန်ပျူတာစတင်ကိုင်တွယ်ခြင်း
လေလွင့်သူလေးရဲ့အကြောင်းလေးပေါနော် စိတ်ဝင်စားရင်ဖတ်ကြည့်ပါဗျာ။လေလွင့်သူလေးပါ တကယ်တမ်းတော့ ဘာမှာကိုမတက်ပါဘူး ရှောက်ဖီးနေတာပါ ဟိုဆိုက်နားဝင်မွှေလိုက် ဒီဆိုက်နားဝင်မွှေလိုက် ပီးတော့ ရှောက်စမ်းလိုက် အဆင်လည်းပြေတယ် ကြိုက်လည်းကြိုက်တယ် ဆိုတဲ့ဟာတွေကို ဒီဘလော့လေးမှာလာတင်ထားတယ်လေ အဲ့ဒါကြောင့်ပဲ ဒီဘလော့လေးကို My Shadow My Note ဆိုပီးတော့နာမည်ကိုပေးထားပါတယ် ကွန်ပျူတာကိုစကိုင်တက်စေတာကတော့ လေလွင့်သူလေးရဲ့ အစ်ကိုကြီးက ကွန်ပျူတာလေးတစ်လုံးဝယ်ပေးတယ်လေ P3 လေးပါ တော်တော်လေးတော့ကြာခဲ့ပီပေါ့လေ အဲ့တုန်းကဆိုရင် ဒီကွန်ပျူတာလေးဟာ ဆရာကြီးပေါ့ အခုတော့အသစ်တွေကလဲ တအားထွက်လာတော့ ဒီကွန်ပျူတာလေးက မျက်နှာလေး နည်းနည်းငယ်သွားတာပေါ့လေ ဒါပေမယ့် လေလွင့်သူလေး အဲ့ဒီကွန်ပျူတာကို အမျက်တနိုးသုံးနေပါသေးတယ် မသုံးလို့လည်းမရဘူးလေ နောက်တစ်လုံးမှမ၀ယ်နိုင်တာကြီးကို အဲ့ကွန်ပျူတာလေးက စစ၀ယ်လာတုန်းက window me လေးနဲ့ပေါ့ အဲ့တုန်းကလည်း window me လေးကပေါ်ခါစ window 98 တွေကိုပဲသုံးနေတဲ့အချိန်ပေါ့ ကွန်ပျူတာလေးကလည်း လေလွင့်သူလေးကို သခင်အဖြစ်မသတ်မှတ်ချင်လို့လားတော့မသိဘူးလေ ခဏခဏပျက်ရော ပြင်ဆိုင်ကိုပဲခဏခဏ ရောက်နေတယ်လေ အဲ့တော့စိတ်ပျက်လာတယ် ဘာလို့လည်းဆိုတော့ ပြင်တာကအလကားမှမရတာ ပိုက်ပိုက်ကုန်တယ်လေ အဲ့ဒါနဲ့မထူးဘူးဆိုပီးတော့ ကွန်ပျူတာသင်တန်းတက်လိုက်တယ်လေ အဲ့ဒီမှာထူးထူးခြားခြားပဲ သူများအတိုင်း basic ကိုလည်းမတက် သင်လည်းမသင်ဖူးပဲနဲ့ system သင်တန်းကိုတက်ခဲ့တယ် တခြားအပိုင်းတွေကိုတော့ စာအုပ်တွေပဲ ၀ယ်ဖတ်တယ်လေ တဖြည်းဖြည်းနဲ့ system ပိုင်းလေးကျွန်းကျင်လာတယ်လေ လေလွင့်သူလေးရဲ့ ဆရာတွေကလည်း တော်တော်လေးကောင်းပါတယ် သင်တန်းလေးပြီးသွားတော့ အဲ့မှာပဲ အလုပ်လုပ်ခွင့်ပြန်ပေးခဲ့တယ်လေ ပညာသင်သဘောပဲပေါ့ ဒါပေမယ့် ကွန်ပျူတာတွေ မရိုးရတဲ့ပြသနာတွေ ကိုဖြေရှင်းခွင့်ရတယ်လေ ပီးတော့ ကွန်ပျူတာပေါင်းစုံ window ပေါင်းစုံကို သုံးတက်သွားတာပေါ့ လေလွင့်သူလေးရဲ့ ဆရာကတော့ ကိုသူရ လို့ခေါ်ကြပါတယ် လေလွင့်သူလေးကတော့ ဆရာလို့ပဲခေါ်ပါတယ် ဆရာကို ကျွန်တော်အမှတ်ရဆဲပါ အကြောင်းတစ်ခုကြောင့် လေလွင့်သူလေးနဲ့ ဆရာနဲ့ ရန်ဖြစ်ခဲ့ရတယ်လေ စိတ်လည်းမကောင်းဘူးလေ ဒါပေမယ့် ဆရာ့ကို လေလွင့်သူလေး အဆင်အမြဲ သတိရနေပါတယ် လေးလည်းလေးစားနေပါတယ် လေလွင့်သူလေး အင်တာနကစတင်သုံးခြင်း
တကယ်တမ်းတော့ လေလွင့်သူလေးက အပြင်မှာတစ်ယောက်တည်း ကွန်ပျူတာ service လိုက်လုပ်ပေးတယ်လေ အဲ့တော့ Software လေးတွေကို လိုလာတယ်လေ ဒါပေမယ့်ပြသနာမရှိခဲ့ပါဘူး အကုန်ဝယ်လို့ရနေတယ်လေ ဒါပေမယ့် ကွန်ပျူတာကို window တင်တော့ Driver တွေက ကြီးမားတဲ့ပြသနာ ဖြစ်ခဲ့တယ် ဆိုင်တွေကိုနံအောင်လိုက်ဝယ်လည်း တချို့ Driver တွေကို ၀ယ်လို့မရဘူးလေ အဲ့ဒါနဲ့သတိရလာတယ် ကျွန်တော် ဆရာ ကအဲ့လိုကြုံရင် အင်တာနက်ကနေ ရှာတာပဲဆိုပီးတော့ ခတ်တည်တည်နဲ့ တက်ခြင်ယောင်ဆောင်ပီးတော့ အင်တာနက်ဆိုင်ထည်းကိုဝင်သွားတယ်လေ ပီးတော့ ထိပ်ဆုံး internet explorer လေးကိုဖွင့်လိုက်တယ် ဘာလို့လည်းဆိုတော့ နက်အကြောင်းစာအုပ်လေးတွေနည်းနည်းဖတ်ဖူးတော့ သိနေတယ်လေ ပီးတော့ yahoo ထည်းကိုဝင်လိုက်တယ် Driver ကို Download လုပ်နိုင်ခဲ့တယ် လေအဲ့ဒါနဲ့အဆင်ပြေသွားတယ် အဲ့တော့အမြဲတမ်း Software တွေလိုလို Driver တွေလိုလို နက်သုံးဖြစ်ပါတယ် တက်ချင်ယောင်ဆောင်ပီးတော့ ရှောက်ရမ်းတယ်လေ google ဆိုတာကို သိတောင်မသိခဲ့ဘူးလေ yahoo တစ်ခုတည်းပဲ သုံးဖြစ်ခဲ့တယ်လေ နောက်တော့ အတွေးလေးတစ်ခုဝင်လာတယ် သူများတွေအင်တာနက်ထိုင်ရင်ကြာလချည်လားဆိုတာကိုပေါ့ အဲ့လူတွေကတော်တော်လေးကိုကျွမ်းမှာပဲ ဘာများလုပ်ပါလိမ့် စိတ်ဝင်စားတာနဲ့ လိုက်ခိုးကြည့်လိုက်တယ်လေ သူတို့က ICON ဖြူဖြူလေးကို နှိပ်လိုက်တယ် ပီးတော user name ရိုက်ထည့်လိုက်တယ် password ရိုက်ထည့်လိုက်တယ် ပီးတော့ စကားတွေပြောနေကြတယ် အစကတော့ Game တစ်ခုလို့ပဲထင်ခဲ့တာပေါ့ နောက်တော့သူတို့တွေကပြောပြောနေတော့ ဆိုင်ကလူကို အဲ့ ICON ဖြူဖြူလေးဖွင့်ပီးတော့မေးလိုက်တယ် ဆိုင်ရှင်ကလည်းသဘောတော့ကောင်းပါတယ် သုံးနည်းကို သေခြာလေးပြသွားတယ် အကောင့်တစ်ခုလုပ်ပေးသွားတယ် မှတ်မှတ်ရရ အဲ့ဆိုင်ကတော့ MTG Internet Cafe' ပဲဖြစ်ပါတယ် အဲ့ကနေစပီးတော့ချက်တက်လာပါတယ် နောက်တော့ လေလွင့်သူလေးရဲ့သူငယ်ချင်း ကနက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ဖြစ်တော့သူနားသွားရင်းနဲ့ MIRC ကိုသုံးတက်ခဲ့ပါတယ် အဲ့ဒါလေးကိုသုံးဖြစ်ပီးတော့ သူငယ်ချင်းတွေရလာတယ်လေBlog ကိုစတင်ရေးသားတက်ခြင်း
သူငယ်ချင်းတွေများလာတော့ တစ်ယောက်ကိုတစ်ယောက်မှတ်ဆက်ပေးရင်းနဲ့ ကျွန်းသားကြီး ဆိုသောလူကိုနက်ပေါ်မှ သိရှိခဲ့ပါတယ် ထိုသူကအမြဲတမ်းအလုပ်တွေရှုပ်နေတယ်ထင်ပါရဲ့ လေလွင့်သူလေးကို စကားတောင်ပြန်မပြောဘူးလေ ဒါနဲ့သူဆိုကို ဓာတ်ပုံတွေရှောက်ပို့တယ် သူရဲပုံတွေပေါ့ နက်ပေါ်ကနေရှောက်ရှာပီးတော့ သူရဲပုံတွေကိုရှောက်ပို့ပေးတယ် အဲ့အချိန်မှာ လေလွင့်သူလေးက search engine ကို Dictionary လိုသုံးတာလေ လိုခြင်တာကိုရှောက်ရိုက်တယ် ပေါ်လာတာကို ရှောက်နှိပ်တဲ့အဆင့်ပဲရှိသေးတယ် နောက်တော့ ကျွန်သားကြီးနဲ့ စကားပြောဖြစ်တယ်လေ အဲ့တော့သူကသူ့ဘလော့အကြောင်းကို ဆက်မိသွားတယ်လေ အဲ့ဒါနဲ့ လေလွင့်သူလေး သူဘလော့ထဲကို ၀င်ကြည့်လိုက်တယ် တအားသဘောကျသွားတယ် တအားလည်းလေးစားသွားတယ် တက်လည်းတက်ချင်သွားတော့ သင်ခိုင်းကြည့်တယ် တကယ်တင်ပေးတယ်ဗျာ အတက်ကိုသင်ပေးသွားတာ နေ့တိုင်းကိုကြီးက လေလွင့်သူလေးကို ကျွန်းသားကြီးကို ကိုကြီးလို့ခေါ်ပါတယ် လေလွင့်သူလေးအတွက်ကိုကြီးက အချိန်ပေးပီးတော့ကိုသင်ပေးတယ်လေ လေလွင့်သူလေးကကွန်ပျူတာ Service လုပ်တယ်ဆိုတာကို သိတော့ ညီနေမင်းရဲ့ ဘလော့လေးကို ညွှန်ပေးခဲ့တယ် အဲ့ကနေစပီးတော့ ဘလော့တွေကို ၀င်တက်လာတယ် အဲ့အချိန်မှ အော်အင်တာနက်မှာ ပညာတွေကို သင်ပေးနေပါလား ဆိုပီးတော့ ဘလော့တစ်ခုကနေတစ်ခု ပီးတော့ website တွေထဲကိုရောက်သွားတယ် ပညာတွေကို တော်တော်လေးရခဲ့ပါတယ် အဲ့တော့ website တွေကိုရှောက်ရမ်းတယ် ရမ်းရင်းနဲ့ Website လေးတစ်ခုကို လုပ်ဖြစ်သွားတယ် အဲ့ဒါနဲ့ပဲအချိန်ကုန်စေခဲ့တယ် နှစ်နှစ်လောက်ပေါ့ ဘလော့ကိုလည်းလှည့်မကြည့်ဖြစ်တော့ဘူးလေ ခုတော့ ning ဆိုက်တွေကိုဖြတ်တော့မယ်ဆိုတော့ စိတ်တော်တော်လေးကိုထိခိုက်ခဲ့တယ်လေ မျက်ရည်ကိုမကျမိအောင် မနည်းထိမ်းရတယ်လေ အဲ့တော့မှ ဘလော့လေးပဲလုပ်တော့မယ် ဆိုပီးတော့ ဘလော့ကိုပြန်ကိုင်တယ် မကိုင်တာကြာတော့ အရင်ဘလော့ကြီးက ဘယ်ပျောက်သွားမှန်းမသိဘူးလေ ပျက်သွားတယ် အဲ့ဒါနဲ့အသစ်တစ်ခုကိုပြန်လုပ်တယ်လေ အဲ့ဒါလေးကတော့ my shadow my note ဆိုတဲ့ဒီနေရာလေးပဲဖြစ်ပါတယ် နောက်ထပ်ပြသနာကြုံပြန်တယ် ဘလော့က ဖွင့်ရတအားခတ်လာတယ်လေ အဲ့ဒါကြောင့် ဒီဘလော့လေးကိုပဲ ID ၀ယ်ဖို့စီစဉ်ထားပါတယ် လေလွင့်သူလေး