ခုအခါ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများသည် လိင်ဆွဲဆောင်မှုရှိသော Sexy ပုံစံကို ပြင်ဆင် ချယ်သလေ့ရှိရာလူအများအကြား အထူးအာရုံထားခြင်း ခံရသော်လည်း သူနေရာနှင့် သူသာ အဆင်ပြေလေရာ အခန့်မသင့်လျင် မိမိတို့၏ အရှက်သိက္ခာ မဲ့ရသည့် အထိ ဒုက္ခတွေ့တတ်ပါသေးသည်။ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးအချို့၏ Sexy ကျခြင်းကြောင့် ကြုံတွေ့ရသော ဒုက္ခအချို့ကို Sexiness sometimes causes trouble (ဆက်ဆီ ကျခြင်းသည် တစ်ခါတစ်ရုံ ဒုက္ခရောက်ရသည်) ဟူ၍ Xinhuanet.com တွင် ကောက်နှုတ် ဖော်ပြထားသည်ကို တွေ့ရသည
Sara Carbonero သည် စပိန် တီဗီ သတင်းကြေငြာသူ ဖြစ်ပြီး စပိန် ဂိုးသမား Iker Casillas ၏ ချစ်သူလည်း ဖြစ်သည်။ ၂၀၁၀ ကမ္ဘာ့ဖလားတွင် စပိန်က ဆွတ်ဇလန်အား ၁ ဂိုး – ဂိုးမရှိဖြင့် ရှုံးနိမ့်သော ပွဲစဉ်တွင် စပိန်ပရိသတ်များက မိမိတို့နိုင်ငံအသင်း ရှုံးနိမ့်ရခြင်းမှာ ဂိုးတိုင် နောက်ဘက်တွင် သတင်းယူနေသော Sara Carbonero
ကြောင့် ဂိုးသမား အာရုံထွေပြားခဲ့သောကြောင့် ဖြစ်သည်ဟု အပြစ်တင်ခဲ့ကြသည်။
Citibank ဘဏ်ခွဲမှ ဝန်ထမ်းဟောင်း Debrahlee Lorenzana သည် Sexy ကျခြင်းကြောင့် သူမ၏ ကိုယ်ခန္ဒာအချိုးအစားကို မြင်ရသော လုပ်ဖော်ကိုင်ဖက် အမျိုးသားများကို စိတ်အာရုံ ထွေပြားစေသည်ဟု ဆိုကာ အလုပ်ဖြုတ် ခံခဲ့ရသည်။ သူမက ကုမ္ပဏီကို ပြည်လည် တရားစွဲခဲ့သည်။
ဘရာဇီးမိန်းကလေး တစ်ဦးသည် ကျောင်းရှိ စာသင်ခန်းသို့ ပန်းရောင် မီနီစကတ် အတိုကို ဝတ်ဆင်လျက် ကျောက်တက်ခဲ့ခြင်းကြောင့် ကောလိပ်ကျောင်းမှ အထုတ်ခံခဲ့ရသည်။
အသက် ၂၃ နှစ်အရွယ် အမေရိကန် အမျိုးသမီးသည် အလွန်တိုလွန်းသော စကတ်ကို ဝတ်ဆင်ခဲ့ခြင်းကြောင့် လေယဉ်ပေါ်မှ ဆင်းပေးရန် တောင်းဆိုခံခဲ့ရသည်။
ဗြိတိသျှ အမျိုးသမီး အကျဉ်းထောင် အရာရှိ တစ်ဦးသည် အလုပ်အတွင်း အလွန် sexy ကျလွန်းသော အပြင်အဆင်များကြောင့် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။
ပြင်သစ် သတင်းထောက် နှင့် သတင်းကြေငြာသူ Melissa Theuriau သည် sexy ကျခြင်းကြောင့် သူမတင်ဆက်သော အစီအစဉ်တစ်ခုတွင် အပြစ်တင် ဝေဖန်ခံခဲ့ရပြီး ပရိသတ်၏ မဲပေးအဆင့်သတ်မှတ်မှု လျော့ကျခဲ့သည်။
အမေရိကန် ရုပ်ရှင်မင်းသမီး Megan Fox ကို sexy ကျလွန်းသော အမူအရာများကြောင့် ဝဘ်ဆိုက်ပေါင်း များစွာက ရက်တစ်ရက် သတ်မှတ်ကာ သူမ၏ အကြောင်း အရာများကို လုံးဝမဖော်ပြဘဲ သပိတ်မှောက်ခဲ့ကြသည်။
Movie review score
5