Movie review score
5
ဂျပန် အီလက်ထရွန်းနစ် အင်အားကြီး ကုမ္ပဏီ Panasonic Corporation သည် ဇွန်လ ၂၈ ရက်နေ့က သာမန် သုံစွဲသူများအတွက် ကမ္ဘာ့ ပထမဆုံး 3D ရိုက်ကူနိုင်မည့် camcorder ကို ထုတ်ဖော် ပြသခဲ့ရာ မှန်ဘီလူး နှစ်ခု ပါဝင်သော 3D conversion lens (3D ပြောင်းလဲရေး မှန်ဘီလူး) ကို camcorder တွင်တပ်ဆင်လိုက်ရုံဖြင့် မည်သူမဆို 3D ရုပ်ရှင်များ ဖန်တီးနိုင်ကြပြီ ဖြစ်သည်။3D ရိုက်ကူနိုင်မည့် camcorder အပြင် Panasonic ၏ 3D ထုတ်လုပ်ရေးလိုင်း သို့ အသစ်ဝင်ရောက်လာသော ပစ္စည်းများမှ Full HD 3D Viera plasma TV နှင့် 3D Blu-ray Disc player တို့လည်း ပါဝင်သည်။ ၎င်းတို့ကို ပေါင်းစပ်အသုံးပြုပြီး အိမ်တွင်း 3D ရုပ်ရှင် ဖန်တီးမှု နှင့် ကြည့်ရှုမှုကို အပြည့်အဝ လုပ်ဆောင်နိုင်မည် ဖြစ်သည်။