Movie review score
5
ကြည့်ရတဲ့မြင်ကွင်းကတော့စိတ်မချမ်းသာစရာဘဲ။ ဆင်ထီးကြီးတစ်ကောင် လဲကျသေဆုံးနေတာကို ဇင်ဘာဘွေသားတွေ ဝိုင်းပြီးအမဲဖြတ်နေတာဘဲဖြစ်ပါတယ်။ ရွာသားအယောက် ၁ဝဝ လောက်ဟာ Gonarezhouအမျိုးသားဥယာဉ်မှာ သေနေတဲ့ ဆင်ကို တောခုတ်ဓါး၊ ပုဆိန်၊ ဓါးအမျိုးတို့ကို
အသုံးပြုကာ စားဖို့အတွက်လာရောက်ခုတ်ဖြတ်ကြတာဖြစ်ပါတယ်။ အမြင့် ၁၃ပေ
အလေးချိန် ၆တန်လောက်ရှိတဲ့ စတင် အမဲဖြတ်ပြီး ဆင်ဟာ ၁နာရီနှင့် ၄၇
မိနစ်အကြာမှာတော့ အရိုးဘဲကျန်ရှိပါတော့တယ်။ ၂၄ နာရီကြာချိန်မှာတော့ အသက် ၇ဝ
ရှိပြီးဖြစ်တဲ့ ဆင်ထီးကြီးရဲ့ အရိုးတွေကို စွတ်ပြုတ်လုပ်သောက်ဖို့
ယူသွားကြပါတယ်။ ဇင်ဘာဘွေရဲ့ သမ္မတကြီးကတော့ ရောဘတ်မူဂါဘီဘဲ ဖြစ်ပါတယ်။
မူဂါဘီဆိုတာကတော့ ကမ္ဘာနာမည်ကြီး ၁ဝ ယောက်ထဲမှာ
ထိပ်ဆုံးကနေရာယူထားသူဖြစ်ပါတယ်။ ရွှေပြည်တော်က အဘ ထက် အဆင့်(၃)ဆင့်သာသူဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံဟာ ငတ်မွတ်ခေါင်းပါးမှု့ကြောင့် အရေးပေါ် အစားအစာလိုအပ်နေပါတယ်။၁၉၈ဝ အချိန်တုန်းက ဇင်ဘာဘွေ တစ်ဒေါ်လာဟာ အမေရိကန်ဒေါ်လာ ၁.၄၇ နှင့်ညီမျှပါတယ်။ အမေရိကန်ဒေါ်လာထက် ဈေးနှုန်းပိုပြီးမြင့်တယ်လို့သိရပါတယ်။ အခုအချိန်မှာတော့ အမေရိကန် တစ်ဒေါ်လာဟာ ဇင်ဘာဘွေဒေါ်လာ၄၆၇၂၆၃၄၆၁ဝ.ဝဝ တန်ဖိုးခြင်းညီမျှနေပါတယ်။ ဒါကတော့ သမ္မကြီး ရောဘတ်မူဂါဘီရဲ့ တိုင်းသူပြည်သားများအားလုံး ဂဏာန်း အတွက်အချက် ကျွမ်းကျင့်အောင်ဖန်တီးပေးထားတာဘဲဖြစ်ပါတယ်။

ကျွန်တော် ဒီခလေးအရွယ်တုန်းက သူလောက် အတွက်အချက်မကျွမ်းဘူးဆိုတာ ဝန်ခံပါတယ်။
အတွက်အချက်ညံ့လို့ကတော့ ကြက်ဥပါ ဝယ်မရဘူးနော်။ ကြက်ဥ သုံးလုံးတန်ဖိုး ဘယ်လောက်လဲ တွေ့တယ်မဟုတ်လား
ရောဘတ်မူဂါဘီနဲ့ အီရန်သမ္မတ တို့ဘဲဖြစ်ပါတယ်။