Ping လုပ်တာရပြီး အင်တာနက်ကိုသင်လို့မရတဲ့သူတွေအတွက်...။
Ping ဆိုတာဘာလဲ?
Ping ဆိုတာကွန်မင်းတခုပဲဖြစ်ပါတယ်။
အင်တာနက်ကွန်ယက်တခုလုံးကို (သို့) website တခုခုကို မိမိစက်ကနေပြီး ဆက်သွယ်မှုရှိမရှိ စစ်ဆေးလို့ရတဲ့ DOS command ပါ။
ဘယ်လို Ping လုပ်မလဲ?
1. Start >> Run >> cmd >> Enter နှိပ်လိုက်ပါ။
2. ping google.com လို့ရိုက်ထည့်လိုက်ပါ။
ပုံမှာဖေါ်ပြထားတဲ့အတိုင်းတွေ့ရပါလိမ့်မယ်။

Time out လို့ပေါ်မယ်ဆိုရင်တော့ ၀က်ဆိုဒ်တခုခုချွတ်ယွင်းနေလို့ပဲဖြစ်ပါတယ်။
Ping လုပ်လို့ရပြီး အင်တာနက်သင်လို့မရဘူးဆိုရင်တော့ အင်တာနက်ကိုချိတ်ဆက်ပေးမဲ့ Winsock တခုခုချွတ်ယွင်းနေလို့ဖြစ်ပါလိမ့်မယ်။
အဲဒီအတွက် Reset Winsock ကိုပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။
1. Start >> Run >> cmd >> Enter နှိပ်လိုက်ပါ။
2. netsh winsock reset လို့ရိုက်ထည့်လိုက်ပါ။
ပုံထဲကအတိုင်းလေးပေါ်လာပါလိမ့်မယ်။

ပြီးရင် Windows ကို restart ပြန်လုပ်လိုက်ပါ...အင်တာနက်ကိုအဆင်ပြေစွာအသုံးပြုနိုင်ပါလိမ့်မယ်။
တစ်ချို့တွေက window ကို Password တွေပေးထားတပ်ပါတယ် တော်တော်များများပါပဲ ဒါပေမယ့် Password ပြောင်းတာတို့ မဖွင့်တာကြာတာတို့ နှင့် အမျှ Password ကိုမေ့သွားတက်ကြပါတယ် Password မေ့သွားလို့ Window ပြန်တင်ရတော့မှာလား အဲ့အဆင့်အထိမရောက်သေးပါဘူး ပြန်ယူလို့ရပါသေးတယ် အရင်ဆုံး ဒီ Software လေးကို Download လုပ်လိုက်နော် ပီးဒါနဲ့ .Zip ဖိုင်လေးတဲ့ တင်ထားပေးပါတယ် ဖြေချလိုက်ပါ ISO ဖိုင်လေးနဲ့ကျလာပါလိမ့်မယ် အဲ့ဖိုင်လေးကို ကို Burning Software (ဥပမာ လူသုံးများတဲ့ Nero Burning )တစ်ခုခုနဲ့ ခွေတစ်ချပ်ဘန်းလိုက်ပါ အဲ့ဒါတွေက တခြား ကွန်ပျူတာမှာလုပ်ရမှာဖြစ်ပါတယ် ပီးတာနဲ့ အဲ့ခွေလေးကို Password မေ့သွားတဲ့ မိမိကွန်ပျူတာမှာ ထည့်လိုက်ပါ ပီးတော့ 

Window မတက်မီ OS လေးထဲကိုဝင်လိုက်ပါ များသောအားဖြင့်ကတော့ Delete Key ကိုနှိပ်လိုက် တာနဲ့ ၀င်သွားတာများပါတယ် ကွန်ပျူတာအစားစားအလိုက် သူခလုပ်နဲ့သူရှိပါတယ် ပီးတော့ CD Room လေးနဲ့ Boot တက်လိုက်ပါ အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်
boot: _ ပေါ်လာပါက Enter ကို ခေါက်လိုက်ပါ။အစက်ကလေး ငါးစက်ပြည့်အောင်ပြေမှာဖြစ်ပါတယ် မပြည့်ခင်မှာ Enter ခေါက်ရမှာဖြစ်ပါတယ်
Wait for Offline NT Password & Registry Editor to Load
Enter သာခေါက်လိုက်ပါ။
မိမိ Edit လုပ်လိုတဲ့ Username ကို ရွေးပေးရပါမယ်။ ပြီရင် Enter ခေါက်ပါ။ (ကျွန်တော်ကတော့ Maw အမည်နဲ့ Account ပြုလုပ်ထားတဲ့အတွက် Maw လို့ရေးပြီး Enter ခေါက်လိုက်ပါတယ်။)

Password ကို ဖျက်ချင်တယ်ဆိုရင်တော့ 1 လို့ ရိုက်ပြီး Enter ခေါက်ပါ။
Password အသစ်ပြန်ပေးမယ်ဆိုရင် 2 လို့ ရိုက်ပြီး Enter ခေါက်ပါ။
ဒီနေရာမှာ ကျွန်တော်ကတော့ Password ကို ဖျက်မှာဖြစ်တဲ့အတွက် 1 လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။

Password Cleared ဖြစ်သွားပြီ ဖြစ်တဲ့အတွက် Enter ခေါက်လိုက်ပါ။

Offline NT Password & Registry Editor ကနေ ထွက်ရန်အတွက် q လို့ ရိုက်ပြီး Enter ခေါက်ပါ။

y လို့ ရိုက်ပြီး Enter ခေါက်ပါ။

Enter ထပ်ခေါက်လိုက်ပါ။

အခုဆိုရင် Account ရဲ့ Password ပျက်သွားပါပြီ။ Window ပြန်တက်လာပါက Password မေ့သွားလည်း ပြသာနာမရှိတော့ပါဘူး။
ပီးဆီးသွားပါက ကိုယ့်ဘာသာကိုယ် အကောင့် ကို password ပြန်လုပ်ထားလို့ရပါတယ် အဆင်ပြေကြပါစေဗျာ

Window မတက်မီ OS လေးထဲကိုဝင်လိုက်ပါ များသောအားဖြင့်ကတော့ Delete Key ကိုနှိပ်လိုက် တာနဲ့ ၀င်သွားတာများပါတယ် ကွန်ပျူတာအစားစားအလိုက် သူခလုပ်နဲ့သူရှိပါတယ် ပီးတော့ CD Room လေးနဲ့ Boot တက်လိုက်ပါ အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်
boot: _ ပေါ်လာပါက Enter ကို ခေါက်လိုက်ပါ။အစက်ကလေး ငါးစက်ပြည့်အောင်ပြေမှာဖြစ်ပါတယ် မပြည့်ခင်မှာ Enter ခေါက်ရမှာဖြစ်ပါတယ်
Wait for Offline NT Password & Registry Editor to Load
Windows ရှိတဲ့ Partition ကို ရွေးပေးရပါမယ်။ Window အများစုမှာတော့ 1 ကိုပဲရွေးရရပါတယ်။ ကျွန်တော်တို့ 1 ကိုပဲ ရွေးပါမယ်။ 1 မရမှ သာလျှင် 2 ကို ရွေးပါ။ ကျွန်တော်တို့ 1 လို့ ရိုက်ပြီင်္း Enter ခေါက်လိုက်ပါ။
ကျွန်တော်တို့က Password reset လုပ်မှာဖြစ်တဲ့အတွက် 1 ကိုရွေးပြီး Enter ခေါက်လိုက်ပါ။Enter သာခေါက်လိုက်ပါ။
မိမိ Edit လုပ်လိုတဲ့ Username ကို ရွေးပေးရပါမယ်။ ပြီရင် Enter ခေါက်ပါ။ (ကျွန်တော်ကတော့ Maw အမည်နဲ့ Account ပြုလုပ်ထားတဲ့အတွက် Maw လို့ရေးပြီး Enter ခေါက်လိုက်ပါတယ်။)
Password ကို ဖျက်ချင်တယ်ဆိုရင်တော့ 1 လို့ ရိုက်ပြီး Enter ခေါက်ပါ။
Password အသစ်ပြန်ပေးမယ်ဆိုရင် 2 လို့ ရိုက်ပြီး Enter ခေါက်ပါ။
ဒီနေရာမှာ ကျွန်တော်ကတော့ Password ကို ဖျက်မှာဖြစ်တဲ့အတွက် 1 လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။
Password Cleared ဖြစ်သွားပြီ ဖြစ်တဲ့အတွက် Enter ခေါက်လိုက်ပါ။
Offline NT Password & Registry Editor ကနေ ထွက်ရန်အတွက် q လို့ ရိုက်ပြီး Enter ခေါက်ပါ။
ပီးဆီးသွားပါက ကိုယ့်ဘာသာကိုယ် အကောင့် ကို password ပြန်လုပ်ထားလို့ရပါတယ် အဆင်ပြေကြပါစေဗျာ
ကဲအားလုံးပဲ kaspersky antivious သုံးတဲ့သူတွေအတွက်ပေါ့ဗျာ ကီးအတွက်စိတ်ညစ်နေပါသလား ဒီပိုစ့်လေးကို ဖတ်ပီး လိုက်လုပ်ကြည့်လိုက်ပါ စိတ်ညစ်နေတာတွေပျောက်သွားပါမယ် ရက်ပေါင်း ၃၀၀၀ ပဲပေးထားတာ ကီးကို သိပ်မကြိုက်ကြဘူးထင်ပါတယ် တစ်နှစ်မှာ ၃၆၅ ရက်ပဲရှိတာနော် တွက်ကြည့်ကြပါ ဘယ်လောက်တောင် သုံးလို့ရလည်းဆိုတာကို ကဲကဲပြောနေတာကြာတယ်ဗျာ အရင်ဆုံး Kaspersky Anti-Virus 2010 မှရမယ်ထင်ပါတယ် ကျွန်တော် စမ်းဒါက အဲ့ဒါလေးနဲ့စမ်းလိုက်တာပါ အဲ့ဒါလေးကိုလည်း Download လုပ်လို့ရပါတယ် ပီးတော့ သွင်းလိုက်ပေါ့ဗျာ kaspersky ကိုလက်ရှိသွင်းထားသောသူများ အရင်ဆုံး အောက်ကအဆင့်အတိုင်း စမ်းကြည့်ပါ မရပါက အပေါ်က kaspersky 2010 လေးကို download လုပ်လိုက်ပါ ပြန်သွင်းလိုက်ပါ ပီးမှ ဆက်လုပ်ကြည့်ပါ Kaspersky ကိုဖွင့်လိုက်ပါ ပီးတော့ အောက်ပါအတိုင်းလုပ်ဆောင်ပါ setting>>Protection>>Enable protection ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ ပီးတော့ Setting>>Opction>>Enable Self-Defense ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ ပီးတော့ kaspersky ကို Exit ထွက်လိုက်ပါ ပီးမှ Kav Crack ကို Download လုပ်လိုက်ပါ ပီးတော့ ဖိုင်လေးကို ဖြေချလိုက်ပါ WinRar နဲ့တင်ပေးထားပါတယ် ဖိုင်လေးသေးသေးလေးတစ်ခုထွက်လာပါလိမ့်မယ် အဲ့ဖိုင်ကို Copy ကူးယူလိုက်ပါ ပီးတော့ C:Program Files>>Kaspersky Labအောက်ကိုသွားလိုက်ပါ Kaspersky Anti-Virus xxx ထဲကိုဝင်လိုက်ပါ ပီးတော့ paste လိုက်ပါ box လေးတစ်ခုကျလာပါလိမ့်မယ် yes to all ကိုသာနှိပ်ပေးလိုက်ပါ ပီးတော့ Kaspersky ကို ပြန်ဖွင့်လိုက်ပါ License လေးက error တက်နေပါလိမ့်မယ် Licenseိကိုနှိပ်လိုက်ပါ ပီးတော့ Active License ကိုဖြတ်လိုက်ပါ (ဘာဘက်နားလေးက ကြက်ခြေခတ်နီနီလေးကို နှိပ်လိုက်ပါ)ပီးတော့ Yes ပေါ့ဗျာ ပီးတော့ Actvate new license ကိုနှိပ်လိုက်ပါ ပီးတော့ Activate trial license ကိုရွှေးပေးလိုက်ပါ ပီးတော့ Next ကိုနှိပ်လိုက်ပါ ခဏလေးစောင့်လိုက်ပါ Finished ကိုနှိပ်လိုက်ပါ ဘယ်နှစ်ရက်တောင်ရလည်းဆိုတာကိုကြည့်ကြည့်လိုက်ပါ ပီးတော့ Close ပေါ့ဗျာ ပီးမှ Update လုပ်ခြင်ပြန်လုပ်ပေါ့ဗျာ အမြဲတမ်းလိုလို ကီးတွေ ဒုက္ခရောက်နေကြလို့ ဒါလေးနဲ့ အဆင်ပြေနိုင်ပါစေ တစ်ချို့ကီးတွေက update လုပ်ရင် Black list ဖြစ်တက်ကြပါတယ် ဒါပေမယ့် ကျွန်တော် သုံးကြည့်တာတော့ ဒါလေးက black list မဖြစ်ဘူးဗျ တော်တော်လေးကို အဆင်ပြေတယ် နက်ကို တိုက်ရိုက်ချိတ်ပီး update လုပ်တာပါ offline update လဲရပါတယ် အဆင်ပြေကြပါစေဗျာ
ရုရှားနိုင်ငံသူ ခရစ္စတီနာ ဆဗီချင်စကာယာသည် ယခုအခါ ကမ္ဘာပေါ်တွင် ညှို့အားအပြင်းဆုံး Hacker အဖြစ် နာမည်ကြီးလာသည်။ အသက်(၂၂)နှစ်ရှိပြီဖြစ်သော မျက်ဝန်းပြာပြာနှင့် လှပျိုဖြူသည် ရုရှားမှ ဆိုင်ဘာရာဇ၀တ်မှုများနှင့် ဆက်နွယ်နေသော ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သည်။ သူမသည် ဗြိတိန်နိုင်ငံမှ အင်တာနက် သုံးစွဲသူများအား ပေါင်စတာလင် (၆)သန်းမျှ နစ်နာအောင် ပြုလုပ်ခဲ့သူဟု ယူဆရပြီး ကမ္ဘာ့နိုင်ငံကြီးများတွင် ပေါင်(၂၂)သန်းဖိုးမျှ နစ်နာပျက်စီးမှုများ ဖြစ်ပေါ်စေသည့် အဆင့်မြင့် နည်းပညာများ အသုံးပြုနေသည့် ဆိုင်ဘာရာဇ၀တ်ဂိုဏ်း တစ်ခုနှင့် ဆက်နွယ်နေကြောင်း အမေရိကန် ရဲများက စွပ်စွဲထားသည်။ Zeus Trojanဟု အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးကို အသုံးပြုသော အဆိုပါ ဆိုင်ဘာရာဇ၀တ်ဂိုဏ်းသည် ဘဏ်Accountများကို Hackလုပ်ပြီး Account နံပါတ်များ၊ သက်ဆိုင်ရာ Account ပိုင်ရှင်၏ အမည်နှင့် နံပါတ်များကို ခိုးယူခဲ့သလို ဘဏ်Accountအတုများဖြင့်လည်း လှည့်စားမှုများ ပြုလုပ်ခဲ့သည်။

နယူးယော့ခ်တွင် ကျောင်းတက်နေသည့် ခရစ္စတီးနားသည် အရှေ့ဥရောပ နိုင်ငံများမှ Hacker (၃၇)ဦး ပါဝင်သော ဂိုဏ်းအနက်မှ အမေရိကန်တွင် ပညာသင်ကြားနေသူ (၄)ဦးတွင် အပါအ၀င်ဟု ယူဆရသည်။ ထိုဂိုဏ်းသည် အမေရိကန်၊ ဗြိတိန်နှင့် ကမ္ဘာအနှံ့သို့ ချိတ်ဆက်ကာ ဘဏ်Accountများအား ခိုးယူခဲ့ခြင်းဖြစ်သည်။ နယူးယော့ခ် တရားရုံးတွင် အမှုရင်ဆိုင်ရမည့် ခရစ္စတီနာသည် သူမ၏ ကျွမ်းကျင်မှုမှ ရရှိသော အမြတ်အစွန်းကို ဂိုဏ်းထံသို့ လွှဲပေးပြီး ရာခိုင်နှုန်းဖြင့် ငွေကြေးရရှိသည်ဟု ယုံကြည်ရသည်။ သူမသည် ယခုအခါ အမေရိကန်သို့ ထိုးဖောက်ဝင်ရောက်ကာ သူလျှိုလုပ်ငန်း ဆောင်ရွက်ခဲ့သည့် အသက်(၂၈)နှစ်အရွယ် ရုရှားသူ အန်နာချပ်မန်းကဲ့သို့ နာမည်ကြီးနေပြီဖြစ်သည်။ အန်နာအား အမေရိကန်က ဇူလိုင်လအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ပြည်နှင်ဒဏ် ပေးခဲ့သည်။ ဆိုင်ဘာ ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး မက်ဟန်တန်မှ အစိုးရရှေ့နေ ပရိဘာဟာရာက “ဒီဂျစ်တယ်ခေတ်မှာ ကောင်းကျိုးတွေ အများကြီး ရလာတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း တရားဥပဒေ စိုးမိုးရေးအတွက် စိန်ခေါ်မှုတွေလည်း ကြီးလာတယ်။ ဥပမာ၊ ဘဏ်တစ်ခုကို မျက်နှာဖုံးဝတ်၊ သေနတ်ပြပြီး ဓားပြတိုက်တာတွေထက် နည်းပညာနဲ့ ဓားပြတိုက်လာတာတွေက ပိုဆိုးတယ်”ဟု သုံးသပ်သွားသည်။ ခရစ္စတီနာသည် ဘဏ်ဖောက်ထွင်းမှု၊ ငွေကြေးအလွဲသုံးစားလုပ်မှုများနှင့် စွဲချက်တင်ခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မ၀ံမရဲခဲ့ပါ
ချစ်ခြင်းမေတ္တာ ရာဇ၀င်မှာတွင်ခဲ့ကြတယ်
ရှေးစာဆိုတွေရဲ့ အရေးအသားတွေဒါ
တကယ်တမ်းတော့ ရာဇ၀င်ထဲမှာပ
ယုံတမ်းတစ်ခုလို့သာ မှတ်သားထားလိုက်မိတယ်
..ဆိမ့်စမ်းရေးတွေနဲ့အတူ မျှောသွားပါတော့လား
ယုံတမ်းတစ်ခုလို့သာ မှတ်သားထားလိုက်မိတယ်
..ဆိမ့်စမ်းရေးတွေနဲ့အတူ မျှောသွားပါတော့လား
ဆက်စပ်နေသော ကော်ကပ်ထားတဲ့ သံယောဇဉ်
မသက်ဆိုင်ခြင်တော့ပါ ရင်ထဲကမြည်ဟိန်းသံ
ထွက်ပေါ်မသွားအောင် ဟန်ရေးပြပြီးတော့ နေလိုက်တော့မယ်
ထွက်ပေါ်မသွားအောင် ဟန်ရေးပြပြီးတော့ နေလိုက်တော့မယ်